မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပြီးမေလ ၅ ရက်နေ့နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။မဟာသိဒ္ဓိဇယကုန်းမြေပေါ်ရှိ ဗောဓိပင်အား ညောင်ရေသွန်းလောင်းလှူပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အသီးသီးမှ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရပါသည်။



