ရွှေစျေးနှုန်း မြင့်တက်ပြီး စျေးမငြိမ်ခြင်းကြောင့် ရွှေထည်လာအပ်သူ ယခင်ထက်နည်းပါးလာသဖြင့် ပန်းထိမ်ဖို အချို့ ရပ်နားလာရကြောင်း သိရသည်။ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများ အခက်တွေ့နေရပြီး အချို့မှာ တစ်ပိုင်တစ်နိုင်အဖြစ် ရပ်ကွက်များ၊ စျေး များတွင် ပန်းထိမ်ဆိုင်ဖွင့်ထားသူများမှာ လုပ်ငန်းရပ်နားခြင်းမျိုး များရှိလာကြောင်း သိရသည်။ယခုနောက်ပိုင်း အကြောင်းအမျိုးမျိုးများကြောင့် ရွှေစျေးအဆမတန်မြင့်တက်နေပြီး ရွှေအရောင်းအဝယ် ထိုင်းနေခြင်း ၊ ရွှေထည်လာအပ်သူနည်းပါးခြင်းများကြောင့် ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင် သူများ အခက်တွေ့ နေရကြောင်း သိရသည်။



