မေလ ၄ရက်နေ့နေ့လည်(၂) နာရီခန့်ကပဲခူးမြို့၊ပြင်စည် စျေးသစ်အနီးတွင် ညီညီထူး (၁၈) နှစ်နှင့် မထက်ထက်လွင်
(၂၃)နှစ်တို့ (၂) ဦး သည်စျေးဝယ်ရန် လာရောက်ခဲ့ကြစဥ်AAနံပါတ်ပါ taxi တစ်စီးမှ အနားရောက်လာပြီး ကားပေါ်မှ
အမျိုးသား(၂) ဦးဆင်းလာကာ ငွေပေးရန်ပြောပြီး ဖုန်းတစ်လုံးနှင့် ဆွဲကြိုးတစ်ကုံး ငွေတစ်သောင်းကျပ်တို့အားခြိမ်းခြောက်ယူဆောင်သွားခဲ့ပြီး လည်ကောင်းတို့စီးလာသည့် မော်တော်ယာဥ်အားမောင်းထွက်သွားခဲ့သည်။သတင်းရလျှင်ရခြင်း တာဝန်ရှိသူများကလိုက်လံ စုံစမ်းနေစဥ် ပဲခူးမြို့ရှောင်လမ်း ရွှေသစ္စာ ပါရမီကျောင်းအနီးတွင် ရဲထက်ဝင်း (၁၈) နှစ် ထံမှ အထက်ပါ အတိုင်းပြောဆိုကာ ဖုန်းတစ်လုံးငွေ (၂၅၅,၀၀၀) ကျပ်အား လည်းကောင်း၊ ပဲခူးမြို့ရှောင်လမ်းနှင့် အုန်းခြံလမ်းသစ်အနီးတွင် သက်လွင်အောင် (၂၇) နှစ် ထံမှလည်း အထက်ပါအတိုင်းပြောဆိုကာ ရွှေနားကွင်း တစ်ဖက်အားလည်းကောင်း ထပ်မံယူဆောင်သွားပြီး မြို့ရှောင်လမ်းအတိုင်း ရန်ကုန်ဘက်သို့မောင်းနှင် ထွက်ပြေး သွားကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများကလိုက်လံ စုံစမ်း ဖမ်းဆီးရာ (၃) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ကြီးလေးကြီးလမ်း ရန်ကုန်တိုင်းအဝင် စစ်ဆေးရေး ဂိတ်တွင် ဖုန်း ငွေနှင့် ရွှေများအား ခြိမ်းခြောက် ယူဆောင်သွားကြသူ လင်းသူ(ခ)မိုးစက် (၃၈)နှစ် (ဘ)ဦးကြည်ထွေး၊ ကျဘမ်း ချင်းတွင်းလမ်း (၆၇) ရပ်ကွက် သာကေတမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ မရီရီထွေး (၂၈) နှစ် (ဘ)ဦးနေထွန်း၊ ကျဘမ်း လိပ်စာတူ၊ဝင်းမင်းထွန်း (၃၅)နှစ်၊ (ဘ)ဦးစိန်မင်း၊ ယာဥ်မောင်း အနောက်ခိုင်ရွှေဝါလမ်း (၇) ရပ်ကွက် သာကေတမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေ (၃) ဦး အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သဖြင့် ပဲခူးမြို့အမှတ်(၃)နယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာပြီး အမှုဖွင့် အရေးယူ နိုင်ရန်ရေး ဆောင်ရွက်နေကြောင်း သိရသည်။



