back

ရန်ကုန်မြစ် သောင်တူးရန် တင်ဒါခေါ်ယူ

May 05 • 3:00 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြစ် သောင်တူးရန် တင်ဒါခေါ်ယူ

ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအတွက် တင်ဒါ ခေါ်ယူလိုက်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တင်ဒါလက်ခံရေး နှင့် စိစစ...

ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအတွက် တင်ဒါ ခေါ်ယူလိုက်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တင်ဒါလက်ခံရေး နှင့် စိစစ်ရေးကော်မတီက မေ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အခုလို သောင်တူးဖော်ရှင်းလင်းခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကနေ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်ထိ (၃) နှစ်စာ ကို ဘဏ္ဍာရေးနှစ်အလိုက် တစ်နှစ်ချင်းစီ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။တင်ဒါလျှောက်လွှာတွေကို မေ ၆ ရက်ကနေ ၁၉ ရက်ထိ ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုပစ္စည်းထိန်းဌာနမှာ ဝယ် ယူနိုင်ပြီး မေ ၂၀ ရက်မှာတော့ ဝယ်ယူထားတဲ့ တင်ဒါလျှောက်လွှာတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်) မှာ ပြန်လည်တင်သွင်းရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။



news-view-count-icon

16