ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်နဲ့ ဘုရားသုံးဆူမြို့နယ်တို့ကို ထိုင်းနိုင်ငံဘက်က အခုအချိန်ထိ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဆက်လက်ဖြတ်တောက်ထားလို့ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ထိုင်းဘက်က အခုလိုဖြတ်တောက်မှုတွေမလုပ်ခင် အဲ့ဒီဒေသတွေက ထိုင်းနိုင်ငံဘက်ခြမ်းက ရရှိတဲ့လျှပ်စစ်မီးနဲ့ ထိုင်းစက်သုံးဆီတွေကိုသာ အသုံးပြုနေတာဖြစ်ပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ဆိုကာ အဲ့ဒီဒေသတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ စက်သုံးဆီ တင်ပို့မှုတွေကို ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။



