MNL League Cup 2025 ဘောလုံးပြိုင်ပွဲ အုပ်စု(D) အုပ်စုပွဲစဉ်တစ်ပွဲ အဖြစ် မေ ၅ ရက်(ယနေ့)၊ ညနေက ပဒုမ္မာကွင်း၌ Myawady အသင်းနှင့် Silver Stars အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို Myawady အသင်းမှ နိုင်ဇင်ထက် (ကျောနံပါတ်-၁၇) က ရရှိခဲ့ သည်။ Myawady အသင်းနှင့် Silver Stars အသင်းတို့ ပွဲတွင် Myawady အသင်းက ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် နိုင်ဇင်ထက် သည် ခြေစွမ်းပေါ်လွင်ခဲ့သည့်အပြင် အသင်းအတွက် သွင်းဂိုးသုံးဂိုး(ဟက်ထရစ်) သွင်းယူပေးခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။



