ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုး ၆ ဦးနှင့် ဆိုင်ကယ်အချို့ကို ဖမ်းဆီးရမိထားကြောင်း ကျိုင်းတုံခရိုင် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ထံမှ သိရသည်။လတ်တလောဖမ်းမိထားသူ ၆ ဦးနှင့်အတူ ဆိုင်ကယ် ၅ စီး သိမ်းဆည်းရမိထားသည့်အနက် ၂ စီးမှာ ပိုင်ရှင်ပေါ်ပေါက်ထားပြီး ကျန် ၃ စီးကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များကလည်း ပိုင်ရှင်ကို အမှုဖွင့်ဖို့ မရှိကြောင်း ခရိုင်နှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ယနေ့ မေလ ၅ ရက် နံနက်ပိုင်းတွင် ပြောသည်။ပြည်သူများအနေဖြင့်လည်း ဆိုင်ကယ်ကို ဈေးလျှော့ရောင်းခြင်း၊ သော့အုံလာဝယ်ခြင်း စသည့် မသင်္ကာဖွယ်ကိစ္စများတွေ့ပါက ရဲထံ ချက်ချင်းဆက်သွယ်ကြရန် ခရိုင်နှင့် နီးစပ်သူက ပြောသည်။



