ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ရွှေမင်းသမီးအလှပြင်ဆိုင်နောက်မှာ ချက်ကြိုးတန်းလန်းနဲ့ ပစ်ချခံထားရတဲ့ မွေးကင်းစကလေးငယ်တစ်ဦးကို ယနေ့ (၅.၅.၂၀၂၅)ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ကောက်ရကြောင်း ဆိုင်ရှင်အမျိုးသမီးက ပြောပါတယ်။အဆိုပါကလေးက ချက်ကြိုးမဖြတ်ရသေးတာကြောင့် နီးစပ်ရာ ဆေးရုံကိုပို့ခဲ့ပြီးအဆိုပါကလေးမှာ ယောကျာ်းလေးဖြစ်ပြီး ခြံပိုင်ရှင်က မွေးစားမယ်လို့လည်း သိရပါသည်။



