မေလ ၄ ရက်နေ့ မနေ့က Star Wars နေ့မှာ အမေရိကန်သမ္မတ Donald Trump ကို AI နဲ့ ဖန်တီးထားတဲ့ ဗလနဲ့ Jedi ပုံကို အိမ်ဖြူတော်ရဲ့ တရားဝင် X နဲ့ Instagram အကောင့်တွေမှာတင်ထားပြီး May the 4th နေ့ ပျော်ရွှင်ပါစေဆိုပြီး Star Wars နေ့ကို ဂုဏ်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကလည်း အိမ်ဖြူတော်က Trump ကို ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ ဖန်တီးထားတဲ့ ပုံကို X နဲ့ Instagram မှာ တင်ခဲ့ပါတယ်။ မေလ ၄ ရက်ကို “Star Wars” ပရိသတ်တွေကြားမှာ “Star Wars” နေ့လို ခေါ်ကြပါတယ်။ ဒါက “Star Wars” ထဲက နာမည်ကြီး “May the force be with you” ကို စကားလုံးကို ယူပြီးပြောတာဖြစ်ပါတယ်။ ၁၉၇၇ မှာ “A New Hope” ထွက်ပြီးနောက် ပရိသတ်တွေက ဒီနေ့ကို စတင်ဂုဏ်ပြုခဲ့ကြတာဖြစ်ပါသည်။



