“တစ်ခြားနိုင်ငံတွေက ကျွန်တော်တို့ရဲ့ ရုပ်ရှင်ဖန်တီးသူတွေနဲ့ စတူဒီယိုတွေကို အမေရိကကနေ ဆွဲထုတ်ဖို့ မက်လုံးအမျိုးမျိုး ပေးနေကြပါတယ်။ ဟောလိဝုဒ်နဲ့ အမေရိကထဲက နေရာတချို့ဟာ ပြိုလဲနေပါပြီ။ ဒါဟာ တခြားနိုင်ငံတွေရဲ့ ရည်ရွယ်ချက်ရှိတဲ့ ကြိုးပမ်းမှုဖြစ်ပြီး အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတစ်ခုပါပဲ။ ဒါကြောင့် ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်တွေကို ပြည်ပမှာ ထုတ်လုပ်တဲ့ ရုပ်ရှင်တွေအားလုံးအပေါ်မှာ ၁၀၀% အခွန်ကောက်ခံမယ့် လုပ်ငန်းစဉ်ကို ချက်ချင်းလုပ်ဖို့ ခွင့်ပြုပေးလိုက်ပါပြီ။ ကျွန်တော်တို့ အမေရိကမှာပဲ ထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို ပြန်လိုချင်တယ်။” လို့ပြောလာပါသည်။



