ကုန်သွယ်မှုဟန်ချက်ညီစေဖို့ ဗီယက်နမ်အနေနဲ့ သဘာဝဓာတ်ငွေ့ရည် လေယာဉ်တွေနဲ့ ဆေးတွေအပါအဝင် အမေရိကန်ထုတ်ကုန်တွေကို ပိုမိုဝယ်ဖို့ လိုတယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ထရမ့်အစိုးရက သူကြေညာထားတဲ့ မြင့်မားတဲ့ အပြန်အလှန် အခွန်နှုန်းထားတွေကို ဗီယက်နမ်အပါအဝင် ကုန်သွယ်ဖက်နိုင်ငံတွေအတွက် ရက် ၉၀ ဆိုင်းငံ့ပေးထားတာဖြစ်ပြီး လက်ရှိ ယာယီနှုန်းထားက ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ အမေရိကန်ဘက်က ဒါကို ဈေးကွက်စီးပွားရေးတစ်ခုအဖြစ် အသိအမှတ်ပြုပြီး နည်းပညာမြင့်ပစ္စည်းတွေတင်ပို့မှု ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေးသွားအောင် တောင်းဆိုဖို့လည်း ဗီယက်နမ်က စီစဉ်ထားပါသည်။



