အင်ဒိုနီးရှားအစိုးရကတော့ အာဆီယံဒေသတွင်း အင်ဒိုနီးရှားကို EV ထုတ်တဲ့ အဓိကအချက်အချာတိုင်းပြည်အဖြစ် ပြောင်းလဲချင်နေပါတယ်။ အင်ဒိုနီးရှားမှာ EV ဘက်ထရီထုတ်နိုင်တဲ့ ကုန်ကြမ်းတွေထွက်လို့ အီလွန်မတ်ကိုပါ အရင်သမ္မတ ဂျိုကိုဝီက ဆွဲဆောင်ခဲ့ဖူးပါတယ်။ မကြာသေးခင်က စက်ရုံတည်ကာ ကားဘက်ထရီအစအဆုံးထုတ်ဖို့ လာထားပြီးဖြစ်တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကြီး LG လည်း ပြန်ထွက်ခဲ့ပါတယ်။ ထိုနေရာမှာ တရုတ်ဘက်ထရီကုမ္ပဏီနဲ့ အစားထိုးဖို့ လုပ်နေပါပြီ။ ယခုအခါ အင်ဒိုနီးရှားမှာ ဒေါ်လာသန်း ၁၀၀၀ တန် EV စက်ရုံဆောက်ရေးကို လူမိုက်တွေ ခြိမ်းခြောက်တဲ့ရန်ကိုကြောက်ရလို့ တရုတ်ကုမ္ပဏီ BYD က ဆိုင်းငံ့ထားရပါသည်။



