မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) အနေနဲ့ သင်္ဘောသားများ အရစ်ကျစနစ်ဖြင့် အိမ်ယာဝယ်ယူနိုင်ဖို့ ဆောက်လုပ်ရေးကုမ္ပဏီများနဲ့ ချိတ်ဆက်ပြီး စီမံ ဆောင်ရွက်နေတယ်လို့ (MSF) ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က ပြောပါတယ်။MSF အနေနဲ့ သင်္ဘောသားများအားလုံး အိမ်ပိုင်ယာပိုင် ရရှိနိုင်ဖို့ အိမ်ယာစီမံကိန်းများအတွက် ရင်းနှီးမြှပ်နှံမယ့်ဆောက်လုပ်ရေးကုမ္ပဏီများနဲ့ ချိတ်ဆက်ပြီး ၁၀နှစ်၊ ၁၅ နှစ် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင် အောင်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ သင်္ဘောသားအဖြစ် တရားဝင်မှတ်ပုံတင်ထားသူဦးရေ ၁၅၀,၀၀၀ ခန့်ရှိကြောင်း၊ ၎င်းတို့အနက် အသက်ကြီးလို့ အနားယူသူဦးရေ ၇၀,၀၀၀ ခန့်၊ အလုပ်မရသေးသူ ၂၀,၀၀၀ ခန့်၊ သင်္ဘောပေါ်မှာ လိုက်ပါလုပ်ကိုင်သူဦးရေ ၄၀,၀၀၀ ကျော်နဲ့ ကျန် ၂၀,၀၀၀ ကျော်ဟာ ကမ်းမှာ နားနေတဲ့လူတွေလို MSF က တွက်ဆထားပါတယ်။



