ထိုင်းနိုင်ငံ၊ Chachoengsao ပြည်နယ် Muang ခရိုင်မှာ မေလ ၅ ရက် တနင်္လာနေ့ မနက် ၃ နာရီက အမှိက်ပုံနားရှိ သတ္တုဆိုင် ဆိုင်းဘုတ်ကို ဝင်တိုက်မိပြီး အသက် ၁၉ နှစ်အရွယ် ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့ပါတယ်။ သူ့သူငယ်ချင်း၏ ပြောကြားချက်အရ အရက်သောက်ပြီး ဆိုင်ကယ်ဖြင့် မောင်းနှင်သွား၍ ပြန် မတော်မတမှု ဖြစ်ကြောင်း သိရသည်။ သေဆုံးသူSuvijak ၏မိခင်သည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး လွန်ခဲ့သည့် 19 နှစ်နီးပါးက အလားတူ မတော်တဆမှုမျိုးတွင် သူမ၏ခင်ပွန်းကို ဆုံးရှုံးခဲ့ရကြောင်း ရဲများအား ပြောကြားခဲ့သည်။



