ပြည်ပနိုင်ငံမှ ခွင့်ပြန်နဲ့ ကျွမ်းကျင်လုပ်သားများ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)လျှောက်ထားကြရာ ၎င်းတိုအနက် အလုပ်သမား ၁ဝဝ ကျော်ဟာ အထောက်အထားမပြည့်စုံကြောင်း အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ Safe Migration မှ ယနေ့မေလ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ခွင့်ပြန်နဲ့ ကျွမ်းကျင်လုပ်သား ၁၁ဝ ဦးမှာ အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်နှင့်အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စတဲ့ စာရွက်စာတမ်းများလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။



