မွန်ပြည်နယ် သစ်သီးဈေးကွက်အတွင်း ရေးဒေသထွက် ဒူးရင်းအလုံးသေးတစ်လုံး သုံးသောင်းကျပ်နှင့် အလုံးကြီးတစ်လုံး တစ်သိန်းခွဲကျော် ပေါက်ဈေးရှိကာ ဈေးကောင်းရနေကြောင်း ဒူးရင်းစိုက်တောင်သူတစ်ဦးက ပြောသည်။ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒူးရင်းသီး အထွက်နောက်ကျနေပြီး လက်ကားတင်ပို့ရောင်းချရန် သစ်သီးမလုံလောက်ဖြစ်နေကြောင်း သိရသည်။



