တရုတ်နိုင်ငံမှ အကြီးဆုံး လေကြောင်းလိုင်းများဖြစ်ပြီး နိုင်ငံပိုင်လေကြောင်းလိုင်းများလည်း ဖြစ်သော China Southern Airlines, Air China, China Eastern တို့သည် ၂၀၂၅ ပထမ၃လပတ်တွင် အရှုံးပေါ်ခဲ့ကြသည်။ ပြည်တွင်းဈေးကွက် ပြိုင်ဆိုင်မှု၊ နိုင်ငံတကာခရီးသည် အရနည်းခြင်း၊ ပစ္စည်းပေးသွင်းကွင်းဆက် ပြဿနာများ၊ ငွေတန်ဖိုးကျခြင်းများ စသည့်အချက်များကို ရင်ဆိုင်နေရသည်ဟု ၎င်းလေကြောင်းလိုင်းများက ပြောကြားကြသည်။တရုတ်အလံတင် လေကြောင်းလိုင်း Air China သည် ၃ လတာတွင် ယွမ် ၂.၀၄ ဘီလီယံ (ကန်ဒေါ်လာ ၂၈၁ သန်း) ရှုံးသည်။ တင်ဆောင်နိုင်သည့် ခရီးသည်အရ တရုတ်မှာ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် China Southern သည် ယွမ် ၇၄၇ သန်း အသားတင်အရှုံးပေါ်ခဲ့သည်။



