back

လီဗာပူးလ်ပရိသတ်များ၏ အောင်ပွဲခံမှုကြောင့် အသေးစားငလျင်ကဲ့သို့ တုန်ခါမှုများဖြစ်ပေါ်ခဲ့

May 05 • 2:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

လီဗာပူးလ်ပရိသတ်များ၏ အောင်ပွဲခံမှုကြောင့် အသေးစားငလျင်ကဲ့သို့ တုန်ခါမှုများဖြစ်ပေါ်ခဲ့

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ပရိသတ်များ၏ အောင်ပွဲခံမှုကြောင့် အသေးစားငလျင်ကဲ့သို့ တုန်ခါမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ဧပြီ ၂၇ ရက်က ယှဉ်...

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ပရိသတ်များ၏ အောင်ပွဲခံမှုကြောင့် အသေးစားငလျင်ကဲ့သို့ တုန်ခါမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ဧပြီ ၂၇ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် ၃၄ တွင် လီဗာပူးလ်အသင်းက စပါးအသင်းအား အိမ်ကွင်း၌ (၅-၁) ဂိုးဖြင့် အနိုင်ရပြီးနောက် လက်ကျန်လေးပွဲအလိုမှာပင် ချန်ပီယံဖြစ်ခဲ့သည်။ လီဗာပူးလ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပရိသတ်များ၏ အောင်ပွဲခံမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုပြင်းအားကို ငလျင်လှုပ်ခတ်မှုစစ်ဆေးသည့် စက်ကိရိယာများအသုံးပြု၍ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။အဆိုပါစစ်တမ်းအရ (၂-၁) ဂိုးဖြင့် ပြန်လည်ဦးဆောင်ခွင့်ရမည့်ဂိုးကို အယ်လစ္စတာ သွင်းယူပြီးနောက် အောင်ပွဲခံမှုကြောင့် ရစ်ချ်တာစကေး ၁ ဒသမ ၇၄ အဆင့် တုန်ခါမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 


news-view-count-icon

11