ထိုင်း စားသုံးသူ ကာကွယ်ရေး ရဲဌာန (CPPD) က ဘတ် ၄.၃ သန်း တန်ကြေးရှိ တရုတ်မှ မှောင်ခိုတင်သွင်းလာတဲ့ ကုန်ပစ္စည်းအတု ၃၄,၀၀၀ ကျော်ကို ဘန်ကောက်မှ ဂိုဒေါင် ၅ ခုမှာ မကြာခင်က သိမ်းဆည်းခဲ့ပါတယ်။ CPPD ရဲ့ ရဲမှူး Pattanasak Bupphasuwan က မေလ ၃ ရက်နေ့မှာ ဘန်ကောက်ရဲ့ Rat Burana နဲ့ Bukkhalo ဧရိယာတွေမှ ဂိုဒေါင်တွေမှာ သိမ်းဆည်းရမိတာလို့ ပြောပါတယ်။ နာမည်ကြီး နိုင်ငံတကာ Brand တွေကို အတု ပြုလုပ်ထားတဲ့ ရေမွှေး အတု ၃၄,၈၀၆ ခုကို တည်နေရာ ၅ ခုမှာ သိမ်းဆည်းခဲ့ပါတယ်။ အဲဒီကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ဘတ် ၄,၃၆၁,၂၀၀ တန်ကြေးရှိတယ်လို့ ရဲမှူးက ပြောပါတယ်။



