back

ကျောက်တာရွာ၌ အိမ်ခြေ ၁၇၅ လုံး ပြိုကျပျက်စီးခဲ့ပြီး သောက်သုံးရေအခက်အခဲမှအစ အကူအညီများစွာ လိုအပ်နေ

May 04 • 2:04 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကျောက်တာရွာ၌ အိမ်ခြေ ၁၇၅ လုံး ပြိုကျပျက်စီးခဲ့ပြီး သောက်သုံးရေအခက်အခဲမှအစ အကူအညီများစွာ လိုအပ်နေ

အင်အားပြင်းထန်ငလျင် ဗဟိုပြုရာ စစ်ကိုင်းမြိုနယ် ရေခါးကျေးရွာတွင် ထိခိုက်ပျက်စီးမှု ကြီးမားစွာ ဖြစ်ပေါ်မှုမရှိသော်လည်း ရေခါးရွာနှင့်ကပ်လျက်တည်ရှိသည့် ကျောက်တာရွာ၌...

အင်အားပြင်းထန်ငလျင် ဗဟိုပြုရာ စစ်ကိုင်းမြိုနယ် ရေခါးကျေးရွာတွင် ထိခိုက်ပျက်စီးမှု ကြီးမားစွာ ဖြစ်ပေါ်မှုမရှိသော်လည်း ရေခါးရွာနှင့်ကပ်လျက်တည်ရှိသည့် ကျောက်တာရွာ၌ အိမ်ခြေ ၁၇၅ လုံး ပြိုကျပျက်စီးခဲ့ပြီး သောက်သုံးရေအခက်အခဲမှအစ အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည် ။ရေခါးရွာမှာ စပရူလိုင်းနား စိမ်းပြာရေညှိ ထွက်ရှိရာ ရေခါးအင်းတည်ရှိသည့်ရွာဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ရေခါးအင်းတွင် ရေအနက် ၂၂ ပေရှိရာမှ ၂ ပေခန့် လျော့သွားခဲ့ပြီး လက်ရှိတွင် အနက်ပေ ၂၀ နှင့် အင်းအကျယ်အဝန်းမှာ ၁၁၄ ဧက ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည် ။ကျောက်တာကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ထန်းပင်တစ်ပင် နှစ်ခြမ်းကွဲသွားသည်ကို မြင်တွေ့ရသည့်ရွာ ဖြစ်ပြီး အိမ်ခြေ ၇၃၃ အိမ်ရှိသည့်အနက် ၁၇၅ လုံး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည် ။



news-view-count-icon

47