back

ကျပ်သိန်း နှစ်သောင်းရှစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ သုံးရက်အတွင်းဖမ်းဆီးရမိ

May 04 • 2:02 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျပ်သိန်း နှစ်သောင်းရှစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ သုံးရက်အတွင်းဖမ်းဆီးရမိ

ကျပ်သိန်း နှစ်သောင်းရှစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊စက်သုံးဆီများ၊လုပ်ငန်းသုံးပစ္စည်း များ၊ စားသောက်ကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများနှင့် တရာ...

ကျပ်သိန်း နှစ်သောင်းရှစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊စက်သုံးဆီများ၊လုပ်ငန်းသုံးပစ္စည်း များ၊ စားသောက်ကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများနှင့် တရားမဝင် ကုန်ပစ္စည်းတင်ယာဉ်များ အစရှိသည့် အ မှုတွဲ ပေါင်း (၆၁) မှုဖြင့် သုံးရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။ဧပြီ ၂၈ ရက်၊၂၉ ရက် နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆၁) မှု ရှိခဲ့ပြီး ခန့်မှန်းတန် ဖိုးငွေအားဖြင့်လည်း (၂၈၉၄၅၁၁၄၅) ကျပ် ဖိုးရှိ တရားမဝင်ပစ္စည်းများကို အထက်ဖော်ပြပါ နေရာများတွင် ဖမ်း ဆီးရမိခဲ့ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသလို ဒေသအသီးသီးရှိ တာဝန်ရှိသူများမှလည်း အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်ထားကြောင်း သိရသည်။



news-view-count-icon

32