နေပြည်တော် ဇေယျာသီရိမြို့နယ် ဗောဓိမြိုင်ကျေးရွာ ခုတင်(၅၀)ပြည်သူ့ဆေးရုံအနီး မိုင်တိုင်အမှတ် (၂၃၁/၇)နှင့် (၂၃၂)အကြား ခရီးသည်ယာဥ် ဝင်တိုက်ခဲ့လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ရန်ကုန်-မန္တလေးကားလမ်းမပေါ် (လမ်းဟောင်း)တွင် လမ်းဖြတ်ကူးလာသူ အမျိုးသားနှစ်ဦးကို မေလ၃ရက်နေ့ ည၈နာရီကျော်အချိန်က ခရီးသည်ယာဥ်မှ ဝင်တိုက်မိခဲ့တဲ့အတွက် သေဆုံးခဲ့သွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။



