ယနေ့မေလ၄ရက် ညနေ၄နာရီအချိန်ကပဲခူးတိုင်း ပြည်မြို ရွာဘဲနယ်မြေ ဦးဝင်းမြစက်လမ်းရှိ ဆန်စက်ဝန်းဟောင်းအတွင်းတွင် ဖုန်းတာဝါတိုင် ပေါ် တွင် မီးလောင်မှုယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။“မီးလောင်ပြီးသိပ်မကြာပါဘူးမီးသတ်ကားတွေရောက်လာပြီးငြိမ်းကြတယ်။မီးလောင်ချိန်ကတော့၁၅မိ နစ်လောက်ပဲကြာတယ်။လူထိခိုက်မှုတော့ဘာမှမရှိပါဘူး။ဘာလို့လောင်တာလဲတော့မသိရသေးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။



