back

ငလျင်ဘေးဒဏ်သင့်အင်းလေး၌ အမိုးအကာများအရေးပေါ်လိုအပ်နေ

May 04 • 1:44 PM

breaking-news

မြန်မာ

ရှမ်း

cover

ငလျင်ဘေးဒဏ်သင့်အင်းလေး၌ အမိုးအကာများအရေးပေါ်လိုအပ်နေ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ငလျင်ဘေးဒဏ်သင့်အင်းလေးဒေသ၌ အမိုးအကာများအ‌ရေးပေါ်လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများကပြောသည်။"ကူညီကယ်ဆယ်ရေးတော့ပြီးသွာ...

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ငလျင်ဘေးဒဏ်သင့်အင်းလေးဒေသ၌ အမိုးအကာများအ‌ရေးပေါ်လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများကပြောသည်။"ကူညီကယ်ဆယ်ရေးတော့ပြီးသွားပြီး။ အခုပြန်လည်ထူထောင်ရေးဘက်ကိုသွားနေပါတယ်။ တချို့ အိမ်တွေကတော့ပျက်စီးမှုနည်းတော့ပြန်လည်ပြုပြင်လို့ရတယ်။ တချို့ကတော့လုံးဝပြိုသွားတယ်။ သူတို့အတွက်အသစ်ပြန်ဆောက်ရမှာဆိုတော့ ငွေကြေးကလိုပြီ။ သူတို့မှာလည်းမရှိ၊ လှူတဲ့သူ ကလည်း မရှိဘူး။ ဒီကြားထဲမိုးကလည်းရွာတော့ သူတို့မှာခက်ခဲနေကြတယ်။ သူတို့တွေအတွက် အခုအရေးပေါ် လိုအပ်နေတာကယာယီအိမ်ဆောက်ဖို့ အမိုးနဲ့အကာအတွက် တာပေါ်လင်များလိုအပ်နေပါတယ်" ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောက်ရွက်နေသည့် ပရဟိတအသင်းသား တစ်ဦးကပြောသည်။



news-view-count-icon

20