နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ်ပေါင်း ၁၅၀ ကျော်၏ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က လေးရက်တာ ရောင်းချရာတွင် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို စိတ်ဝင်တစား လာရောက်ကြည့်ရှုဝယ်ယူသူများပြားခဲ့ကြောင်း သိရသည်။MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားသည့် မီး စက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို မေ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



