ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ ရန်ကုန်-ပဲခူးကားလမ်းမဘေးမှာ ရပ်နားထားတဲ့ (၁၈)ဘီးယာဉ်ကို (၆)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ အနောက်ကနဝင်ရောက်တိုက်မိခဲ့တာကြောင့် ၁ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့နေ့လယ်ပိုင်းအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အ ဆိုပါယာဉ်တိုက်မှုကြောင့် ၆ဘီး ယာဉ်ပေါ်ပါ အမျိုး သားတစ်ဦး သေဆုံးပြီးအမျိုးသားနှစ်ဦးနဲ့ အမျိုး သမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် လှည်းကူးမြို့နယ်ကြက်ခြေနီတပ်ဖွဲ၊ ဓမ္မဂုဏ်ရောင်အ သင်း၊ ဂရုဏာအသင်း၊ Medical လူငယ်အသင်းတို့က သူနာတင်ယာဉ်များနဲ့ လှည်းကူးမြိုနယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။



