ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများကို ဈေးနှုန်း သက်သာစွာ ရောင်းချပေးမည့် ဈေးရောင်းပွဲတော်ကိုမေ ၁၂ ရက်မှ ၂၇ ရက်ထိ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ဈေးရောင်းပွဲတွင် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများကို ဝယ်ယူသူ၏ လိုအပ်ချက်အပေါ်မူတည်၍ instock ရှိသမျှ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။



