ယခုလတွင် ကုန်သေတ္တာတင် သင်္ဘော (၆၅)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် မေလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၆၅)စီး ပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းအား အချိန်နှင့်တပြေးညီတင်ပြသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးထားသည်။



