ဖျာပုံခရိုင်သည် အုန်းပင်စိုက်ဧက ၁၉၀၀၀ ခန့်ရှိပြီး ဒေသတွင်းထွက်ရှိသော အုန်းသီးများကို အခွံခွာ၍ ရန်ကုန်၊မန္တလေးနှင့် အခြားမြို့နယ်များသို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိေကြာင်း၊ ထိုသို့တင်ပို့ရန် အုန်းသီးများကို အခွံခွာရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းအုန်းခွံများမှ တဆင့် အုန်းဆံကြိုးပြုလုပ်သည့် အသေးစားလုပ်ငန်းမှတဆင့် အကျိုးအမြတ်ရရှိလျှက်ရှိကြောင်း သိရသည်။အုန်းဆံကြိုးလုပ်ငန်းရှင်များက အုန်းခွံ တစ်ခွံလျှင် ၃၅ ကျပ်ဖြင့် ဝယ်ယူ၍ အုန်းဆံကြိုးပြုလုပ်ကာ အုန်းဆံကြိုး ၁ ခင်ကို ၅၀၀ ကျပ် ဈေး၊ အခင်၂၀၀ ပါ ၁စည်းကို ကျပ် ၇၀,၀၀၀/၇၅,၀၀၀ ဈေးနှုန်းဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။



