မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဒူးရင်းသီး စပေါ်နေပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကောင်းမရဘဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။“ကားလမ်းပိတ်လိုက်တော့ ဒူးရင်းသီးဈေးတွေ တအားကျနေတယ်။ ပေါ်ဦးပေါ်ဖျားဆိုပေမယ့် အခြားဒေသတွေကို တင်ပို့ မရတော့ ဈေးက ရှယ်ကျနေတယ်” ဟု ဒူးရင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။ယမန်နှစ်က ဒူးရင်းသီးအကြီးတစ်လုံးလျှင် ငွေကျပ်တစ်သောင်းဝန်းကျင် ဈေးရသော်လည်း လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။



