ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဧပြီလ ၂၆ ရက်တွင် အကယ်ဒမီရက် ၉၀ အမျိုးအစား ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၇,၀၀၀ ကျပ်စျေးရှိရာမှ မေလ ၃ ရက်တွင် ၁၁၃,၅၀၀ကျပ်ဖြစ်သွားသည်။ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၆,၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ဧပြီလ ၂၆ ရက်တွင် ကြက်သွန်နီတစ်ပိဿာ ၂,၈၀၀ကျပ်စျေးရှိရာမှ မေလ ၃ ရက်တွင် တစ်ပိဿာ ၂,၇၀၀ကျပ်ဖြစ်သွားပြီ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀ကျပ် ဈေးကျသွားသည်။




