ကမ္ဘာ့အဆင့်မြင့် semiconductor ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ EUV (Extreme Ultraviolet) စက်များကို ASML ကုမ္ပဏီတစ်ခုတည်းသာ ထုတ်နိုင်သည်။ သို့သော် တရုတ်ပညာရှင် လင်းနန် ဦးဆောင်သောအဖွဲ့က တရုတ်တွင် ကိုယ်ပိုင် EUV စက်ဖန်တီးမှုအတွက် အောင်မြင်မှုအချို့ ရရှိလာသည်။ လင်းနန်သည် ASML ၏ ထိပ်တန်း သိပ္ပံပညာရှင်ဟောင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်တွင် တရုတ်ပြန်လာကာ photolithography နည်းပညာအဖွဲ့ကို တည်ထောင်ခဲ့သည်။ သူ၏အဖွဲ့က Solid-state laser ပေါ်အခြေခံ EUV အလင်းအရင်းအမြစ်ကို တီထွင်နိုင်ခဲ့ပြီး၊ ယင်းသည် ASML ၏ CO2 လေဆာနည်းပညာအစားထိုးနိုင်သည်ဟု ယူဆကြသည်။ ASML ၏ CEO ကတော့ တရုတ်မှ EUV စက်တည်ဆောက်ခြင်းအတွက် နှစ်များကြာနိုင်ကြောင်း သတိပေးခဲ့သည်။ တစ်ဖက်မှာတော့ အမေရိကန်ဖိအားကြောင့် ၂၀၁၉ ခုနှစ်မှစ၍ ASML သည် တရုတ်သို့ EUV စက်ရောင်းခွင့် ပိတ်ထားသည်။
| 31 | 0 | 0 | 0 |


