back

ယူကရိန်းနှင့် ရုရှား အပြန်အလှန် ဒရုန်းဖြင့်တိုက်ခိုက်

May 04 • 5:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယူကရိန်းနှင့် ရုရှား အပြန်အလှန် ဒရုန်းဖြင့်တိုက်ခိုက်

ရုရှားနိုင်ငံ၊ ခရာစ်နိုဒါဒေသရှိ ဆိပ်ကမ်းမြို့ဖြစ်တဲ့ နိုဗိုရော့စ်စီးယ်စ်ခ်မြို့မှာ ယူကရိန်းရဲ့ ညလုံးပေါက် ဒရုန်းတိုက်ခိုက်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီ...

ရုရှားနိုင်ငံ၊ ခရာစ်နိုဒါဒေသရှိ ဆိပ်ကမ်းမြို့ဖြစ်တဲ့ နိုဗိုရော့စ်စီးယ်စ်ခ်မြို့မှာ ယူကရိန်းရဲ့ ညလုံးပေါက် ဒရုန်းတိုက်ခိုက်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ကလေး ၂ ယောက် အပါအဝင် အနည်းဆုံး လူ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီးတော့ လူနေအိမ် အဆောက်အအုံတွေလည်း ပျက်စီးခဲ့ကြောင်း မြို့တော်ဝန် အန်ဒရေးကရာဗ်ချန်ကိုက ပြောပါတယ်။နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးတယောက်ကတော့ အခြေအနေ ဆိုးရွားပြီး ဆေးရုံတက်နေရတယ်လို့ ကရာဗ်ချန်ကို က ဆိုပါတယ်။ဒီဖြစ်ရပ်အတွက် ယူကရိန်းဘက်က ချက်ချင်း မှတ်ချက်မပေးပေမဲ့ ယူကရိန်းလေတပ်ကတော့ ရုရှားဟာ ယူကရိန်းကို ဒရုန်း ၁၈၃ စင်းနဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းနဲ့ ညတွင်းချင်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒရုန်းတွေထဲက ၇၇ စင်းကို ပစ်ချခဲ့ပြီး တခြား ၇၃ စင်းမှာ ထိခိုက်မှုမရှိဘဲ ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။

news-view-count-icon

17