ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်(၁)ရန်ကုန် ဘွဲ့ကြိုကျောင်းသားကျောင်းသူအိပ်ဆောင် အသစ်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသရေးလုပ်ငန်းများကို မေလ ၃ ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ IR X-ray စက်တပ်ဆင်မှုအခြေအနေ၊ သွေးရောဂါလူနာများအားအာဟာရအထောက်အပံ့နှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်အတူ ဆေးဝါးပစ္စည်းများ မပြတ်လပ်စေရန်၊ Mass Casualty Management Plan များရေးဆွဲမှုနှင့် Drill လေ့ကျင့်မှုများ စနစ်တကျ ဆောင်ရွက်ရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။



