အမျိုးသားတွေနဲ့ တန်းတူအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် “ဒို့အိမ်” Community Organization မှ ၁၈ မှ ၄၀ နှစ်အတွင်းအမျိုးသမီးများကို မူလသင်တန်း (၃)လနှင့် အလုပ်သင် (၁)လ ပါဝင်သင်ကြားသည့် အခမဲ့ “အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ်ကို စီစဉ်ပေးနေပြီး၊ သင်တန်းပြီးမြောက်ပါက လက်မှတ်ပေးအပ်သည့်အပြင် ကျန်းမာရေးအာမခံ၊ အလုပ်အကိုင်ဆွေးနွေးမှုများနှင့် အနာဂတ်လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက်လည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



