back

ထိုင်းအိမ်ခြံမြေကဏ္ဍသည် ဘဏ္ဍာရေး ပြိုလဲမည့်အရေးနှင့် အချိန်ပိုနီးလာနေ

May 04 • 5:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းအိမ်ခြံမြေကဏ္ဍသည် ဘဏ္ဍာရေး ပြိုလဲမည့်အရေးနှင့် အချိန်ပိုနီးလာနေ

ထိုင်းကွန်ဒိုမီနီယံအသင်းဥက္ကဋ္ဌ Prasert Taedulayasatit ၏ ပြောကြားချက်အရ ချေးငွေများ ရယူထားကြသည့် ငွေချေးစာချုပ်များ သက်တမ်းစေ့သဖြင့် ပြန်ဆပ်ရတော့မည့် ငွေပမာဏမှာ...

ထိုင်းကွန်ဒိုမီနီယံအသင်းဥက္ကဋ္ဌ Prasert Taedulayasatit ၏ ပြောကြားချက်အရ ချေးငွေများ ရယူထားကြသည့် ငွေချေးစာချုပ်များ သက်တမ်းစေ့သဖြင့် ပြန်ဆပ်ရတော့မည့် ငွေပမာဏမှာ ၂၀၂၅ ခုနှစ် ဧပြီလ မှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ ကာလအတွင်း ဘတ် ၂၆၆ ဘီလီယံကျော် ရှိသည်။ ငွေချေးစာချုပ်များတွင် အများစုမှာ အတိုးနှုန်း မြင့်သည်။ ချေးငွေ ရယူသည့် ကုမ္ပဏီ၏ ခိုင်မာမှုကိုလည်း စိစစ်မှု ခံယူထားခြင်း မရှိချေ။ မတ်လ ၂၈ ရက်ကို ထိုင်းနိုင်ငံတွင် ငလျင်ကြီး လှုပ်ခတ်သောနေ့အဖြစ် လူအများက မှတ်သားထားကြသည်။ အိမ်ခြံမြေ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအဖို့ ငွေရေးကြေးရေး မုန်ထိုင်းများ ထန်နေမည့် နှစ်တနှစ်၏ ပထမဆုံးကြုံရသည့် တုန်လှုပ်စရာအဖြစ် မှတ်မိနေကြမည်။၂၀၂၅ ခုနှစ်တွင် ထိုင်းစီးပွားရေးသည် ဘက်ပေါင်းစုံမှ သက်ရောက်နေသည့် ဖိအားများအောက်တွင် ရှိနေသည် ။


news-view-count-icon

26