ယနေ့ မေလ ၄ ရက် မွန်းလွဲပိုင်းမှစ၍ လားရှိုးမြို့၌ ရပ်ကွက် ၁၂ ခုအတွင်း သံဃာတော်များက မြို့လုံးကျွတ်ကမ္မဝါစာနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို လှည့်လည်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး၊ ယင်းအား မန္ဆူရှမ်းကျောင်းဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် စီစဉ်သွားခြင်းဖြစ်ကြောင်း သိရသည်။



