ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသို့ အတိုးနည်းသော သို့မဟုတ် အတိုးမဲ့ ချေးငွေများကို ပံ့ပိုးပေးသည့် ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(IDA) ကို အမေရိကန်ဒေါ်လာ ၃ ဒဿမ ၂ ဘီလျံ ထည့်ဝင်ပေးမှုအား ထောက်ခံအတည်ပြုပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၂ ရက်တွင် ကွန်ဂရက်ကို တိုက်တွန်းခဲ့သည်။ မစ္စတာ ထရမ့်ပ်အနေဖြင့် IDA သို့ အလှူငွေထည့်ဝင်ခြင်းများမှ ရှောင်လွှဲသွားနိုင်သည်ဟူသော မကြာခင်က စိုးရိမ်ပူပန်မှုများရှိခဲ့ခြင်းကြောင့် သုံးနှစ်အတွင်း ပေးဆောင်ရမည့် ရန်ပုံငွေ ပမာဏအတွက် နိုင်ငံတကာ ဘဏ္ဍာရေးကျွမ်းကျင်သူများက အံ့အားသင့်လုပ်ဆောင်ချက်အဖြစ် ချီးကျူးကြိုဆိုခဲ့ကြသည်။ 
ထရမ့်ပ်၏ ဘတ်ဂျက်တွင် အဆင်းရဲဆုံးနိုင်ငံများဆိုင်ရာ ကမ္ဘာ့ဘဏ် ရန်ပုံငွေအတွက် ဒေါ်လာ ၃ ဒဿမ ၂ ဘီလျံ ထည့်ဝင်မှု ပါဝင်
May 04 • 2:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


