back

ကျူးဘား-တရုတ် ဆက်ဆံရေးက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ ဆို

May 04 • 2:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကျူးဘား-တရုတ် ဆက်ဆံရေးက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ ဆို

ကျူးဘားနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး အမြဲတစေ တည...

ကျူးဘားနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး အမြဲတစေ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ယခုအချိန်အခါသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ မီဂဲလ် ဒီရပ်စ်-ကနဲလ်က မေ ၂ ရက်တွင် ဟာဗားနားမြို့၌ ပြောကြားခဲ့သည်။၄၃ ကြိမ်မြောက် ကျူးဘားနိုင်ငံတကာ ခရီးသွားလာရေးပြပွဲ၌ တရုတ်နိုင်ငံဆိုင်ရာ ပြခန်းအား လှည့်လည်ကြည့်ရှုပြီးနောက် ဒီရပ်စ်-ကနဲလ်က ၆၅ နှစ်ကာလတစ်လျှောက် ကျူးဘား-တရုတ် နှစ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ နီးကပ်စွာ ဆက်သွယ်ဆွေးနွေးမှုများ ထိန်းသိမ်းထားပြီး နိုင်ငံတကာရေးရာများတွင် အပြန်အလှန် ပံ့ပိုးကူညီကာ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများစွာကို အကောင်အထည်ဖော်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်သို့ စဉ်ဆက်မပြတ် တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။


news-view-count-icon

15