back

ငလျင်ဒဏ်သင့်ဒေသများတွင် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိ

May 04 • 2:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ငလျင်ဒဏ်သင့်ဒေသများတွင် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသများတွင် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိလာကြောင်း WHO Myanmar က ထုတ...

ငလျင်ဒဏ်သင့်ဒေသများတွင် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ ရောက်ရှိလာကြောင်း WHO Myanmar က ထုတ်ပြန်ထားသည်။အိန္ဒိယနိုင်ငံ Serum Institute of India မှ ဝက်သက် - ဂျိုက်သိုး (MR) ကာကွယ်ဆေး အကြိမ်ရေ ၁၀၀၀၀၀နှင့် မေးခိုင်-ဆုံဆို့ (Td) ကာကွယ်ဆေး အကြိမ်ရေ ၅၀၀၀၀ တို့ကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။အဆိုပါ ကာကွယ်ဆေးများကို ငလျင်ဒဏ်သင့်ဒေသများရှိ ယာယီစခန်းများ နှင့် ခိုလှုံရာနေရာများတွင် နေထိုင်နေကြသည့် ရွှေ့ပြောင်းမိသားစုများကိုထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16