အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတိုက်ခိုက်မှုအပြီး တင်းမာမှုတွေမြင့်တက်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြန်အလှန် စစ်အင်အားတွေပြပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။အိန္ဒိယလေတပ်ဟာ အမြန်လမ်းတလျှောက်မှာ လေယာဉ်တွေ ဆင်းသက်တာနဲ့ ပျံသန်းမှုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီး ဒါဟာ တိုက်ခိုက်မှုတခုခုကြောင့် လေယာဉ်ပြေးလမ်းတွေ အသုံးပြုမရရင် အမြန်လမ်းကို အသုံးပြုဖို့ လေ့ကျင့်မှုအဖြစ် ရှုမြင်ရပါတယ်။ပါကစ္စတန်ကလည်း တာဝေးပစ်အမြောက်တွေ၊ စစ်လေယာဉ်တွေနဲ့အတူ အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အိန္ဒိယရဲ့ စစ်ရေးလုပ်ဆောင်မှုမှန်သမျှကို လျင်မြန်ပြတ်သားစွာ တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်စစ်ထပ် ထိပ်တန်းတာဝန်ရှိသူက သတိပေးထားပါတယ်။
May 04 • 2:35 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


