back

ထိုင်းမှာ မေလလယ်မှာ မိုးရာသီ စတင်မှာ ဖြစ်ပြီး မိုးအလွန်ကြီးမည်

May 04 • 2:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းမှာ မေလလယ်မှာ မိုးရာသီ စတင်မှာ ဖြစ်ပြီး မိုးအလွန်ကြီးမည်

ထိုင်းမှာ မေလ ၉ ရက်ကနေ ၁၇ ရက်အတွင်း မိုးရာသီ စတင်မှာ ဖြစ်ပြီး အဲဒီကာလမှာ မိုးကြီးကာ ရာသီဥတု မတည်ငြိမ်ဘူးလို့ ထိုင်း မိုးလေဝသဌာန (TMD) က ပြောပါတယ်။ အဲဒီ ရာသီဥတုပ...

ထိုင်းမှာ မေလ ၉ ရက်ကနေ ၁၇ ရက်အတွင်း မိုးရာသီ စတင်မှာ ဖြစ်ပြီး အဲဒီကာလမှာ မိုးကြီးကာ ရာသီဥတု မတည်ငြိမ်ဘူးလို့ ထိုင်း မိုးလေဝသဌာန (TMD) က ပြောပါတယ်။ အဲဒီ ရာသီဥတုပြောင်းလဲမှုပြီးနောက်မှာ မိုးရာသီ တရားဝင် စတင်မှာ ဖြစ်ပါတယ်။ ထိုင်းရဲ့ ဒေသများစွာမှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပြီး အရှေ့တောင်ပိုင်းက လေကြောင့် နံနက်ပိုင်းမှာ မိုးရွာနိုင်ပါတယ်။အနောက်တောင်က လေကြောင့် နေ့လည်နဲ့ ညနေမှာ မိုးရွာနိုင်ပါတယ်။ ဒီတစ်ပတ်က စတင်ကာ အန်ဒမန် ပင်လယ်မှ အနောက်တောင် လေကြောင့် မိုးရွာနိုင်ပါတယ်။


news-view-count-icon

33