“လာမည့် (၄၈) နာရီအတွင်း ခန္တီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြင်ဦးလွင်၊ အမရပူရ၊ တံတားဦး၊ ကျောက်ဆည်၊ ကောလင်း၊ ကန့်ဘလူ၊ စစ်ကိုင်း၊ သပိတ်ကျင်း၊ မိုးမိတ်၊ ရမည်းသင်း၊ ကျောက်မဲ၊ ဗန်းမော်၊ မြစ်ကြီးနား၊ ချီဖွေ၊ ပူတာအို၊ တနိုင်း၊ မယ်စဲ့၊ ဘောလခဲ၊ မိုင်းတုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ သံတောင်ကြီး၊ ဖာပွန်၊ သထုံ၊ ကျိုက်ထို၊ မော်လမြိုင်၊ ရေး၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ထားဝယ်ခရိုင်တို့တွင် မိုးအနည်းငယ်မျှ ထစ်ချုန်း ရွာနိုင်ပြီး အများအားဖြင့် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင်တို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။”ယနေ့ (၃-၅-၂၀၂၅) ရက်နေ့၊ ည (၁၁:၀၀) နာရီအချိန် မိုးလေဝသဂြိုဟ်တုမှ ဖမ်းယူရရှိသည့်ပုံအရ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး တနင်္သာရီတိုင်းတွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းလျှက်ရှိကာ ကျန်တိုင်းနှင့်ပြည်နယ်များမှာ တိမ်ကင်းစင်လျှက်ရှိပါသည်။



