ကမ္ဘောဇဖောင်ဒေးရှင်းသည် ငလျင်ဒဏ်တုံ့ပြန်ရေးအတွက် ငွေကျပ် (၁၅)ဘီလီယံကို ကနဦး မတည် လှူဒါန်းထားပြီး နိုင်ငံတစ်ဝန်းတွင် ငလျင်ဒဏ်ခံခဲ့ရသည့် ပြည်သူများထံ ကိုယ်တိုင်သွားရောက်ကာ လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ထို့ပြင် မန္တလေးနှင့် စစ်ကိုင်းဒေသများရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ၁ နှစ်မှ ၅ နှစ်ထိ အသုံးပြုနိုင်မည့် KBZ Center Mandalay ကို အမြန်ဆုံး တည်ဆောက်လျက်ရှိပါသည်။



