back

ဧပြီလအတွင်းက စစ်ဘေးရှောင် အိမ်ထောင်စု ၅၀ ခန့်ကို တစ်စုကို ကျပ်ငွေ ၇ သိန်းနီးပါးထောက်ပံ့ပြီး HDCO က ပြန်လည်နေရာချထားပေးနိုင်ခဲ့

May 03 • 9:12 PM

breaking-news

မြန်မာ

ရခိုင်

cover

ဧပြီလအတွင်းက စစ်ဘေးရှောင် အိမ်ထောင်စု ၅၀ ခန့်ကို တစ်စုကို ကျပ်ငွေ ၇ သိန်းနီးပါးထောက်ပံ့ပြီး HDCO က ပြန်လည်နေရာချထားပေးနိုင်ခဲ့

ရခိုင်က စစ်ဘေးရှောင်တွေကို မူလနေရပ်ကျေးရွာတွေကို ပြန်လည် ပို့ဆောင်ပြီး နေရာ ချပေးထားနေရာမှာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း အိမ်ထောင်စု ၄၉ စုကို တစ်စုကို ကျပ်ငွေ (၇) သိ...

ရခိုင်က စစ်ဘေးရှောင်တွေကို မူလနေရပ်ကျေးရွာတွေကို ပြန်လည် ပို့ဆောင်ပြီး နေရာ ချပေးထားနေရာမှာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း အိမ်ထောင်စု ၄၉ စုကို တစ်စုကို ကျပ်ငွေ (၇) သိန်းခန့်နဲ့ လမ်းစရိတ် အပိုဆောင်းငွေထောက်ပံ့ကာ ပြန်လည် နေရာချထားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အိုးခွက်၊ ပန်းကန်၊ စောင်၊ အဝတ်အထည်၊ တကိုယ်ရည်သုံးပစ္စည်းတွေ၊ တာပေါ်လင်တွေနဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့တွေ အပါအဝင် အခြေခံစားသောက်ကုန်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်စုတစ်စုစီအတွက် ၆၈၀,၀၀၀ ကျပ်နှုန်းနဲ့ ငွေကြေးအထောက်အပံ့ပေးခဲ့ပြီး နယ်ဝေးသို့ ပြန်ရမယ့် မိသားစုတစ်စုချင်းစီအတွက်လည်း ထပ်ဆောင်းပြီး ၂၅၀,၀၀၀ ကျပ် ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 




news-view-count-icon

21