ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးကို အသက်(၂)နှစ်အထက် ကလေးများမှစ၍ တိုက်ကျွေးလျက်ရှိရာ စစ်ကိုင်းပြည်သူ့ဆေးရုံ၊သီတဂူဆေးရုံ၊ကယ်ဆယ်ရေးစခန်း၆ခု(နှစ်၇၀၀၊စည်းခုံကြီး၊စကုမော်၊ရန်နိုင်ကျောင်း၊အထက၁၊အိုးအိမ်တိုက်တန်း)တို့တွင် နေ့စဉ် နံနက်၉နာရီမှ နေ့လည်၂နာရီထိ လာရောက်သောက်သုံးကြပါရန် အသိပေးအပ်ပါသည်။ ဆေးတန်ဖိုးမြင့်မားပြီး ငလျင်ဒဏ်သင့်ပြည်သူများအား ကာလဝမ်းရောဂါအပြင် အစာမသန့်/ရေမသန့်ခြင်းကြောင့်ဖြစ်ပွါးသောပြင်းထန်ဝမ်းရောဂါများမဖြစ်စေရန် စစ်ကိုင်း၊မန္တလေး၊နေပြည်တော်တို့တွင်သာ ဦးစားပေးတိုက်ကျွေးခြင်းဖြစ်ပါသဖြင့် မပျက်မကွက် သောက်သုံးကြပါရန် တိုက်တွန်းအပ်ပါသည်။



