MNL League Cup ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ဂျပန်ကစားသမား ယူကီအိုင်ဇူ ကို ခေါ်ယူအားဖြည့်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ် ယူကီအိုင်ဇူဟာ ဂျပန်ယူ ( ၁၇ ) အသင်းမှာပါဝင်ကစားခဲ့ဖူးပြီး ညာနောက်ခံကစားသမား တစ်ဦးလည်းဖြစ်ပါတယ် မေလ ( ၄ ) ရက်နေ့ ၊ ညနေ ( ၄ ) နာရီအချိန်မှာ ရှမ်းယူနိုက်တက်အသင်းဟာ University အသင်းနှင့်လည်းကောင်း ၊ ရန်ကုန်ယူနိုက်တက်အသင်းဟာ ကချင်ယူနိုက်တက်အသင်းနှင့် လည်းကောင်းတွေ့ဆုံသွားရမှာပဲ ဖြစ်ပါတယ် ။



