ဂျပန်နိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်မှုဟာ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်လမှာ ကျဆင်းသွားခဲ့ပါတယ်။ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက လူစီးမော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ စက်မှုကုန်ထုတ်လုပ်မှုအညွှန်းကိန်းဟာ ဖေဖော်ဝါရီလကထက် ၁.၁ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ လုပ်ငန်း ၁၅ ခုအနက် ၁၀ ခုမှာ ကျဆင်းခဲ့ပါတယ်။ ပြည်ပတင်ပို့ဖို့အတွက် မော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းခဲ့လို့ မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်အတွက် အညွှန်းကိန်း ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ ဒီအတောအတွင်း မတ်လမှာကုန်ဆုံးခဲ့တဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အညွှန်းကိန်းဟာ ၂၀၂၃ ကထက် ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၃ နှစ်ဆက်တိုက် ကျဆင်းသွားတာဖြစ်ပါသည်။



