မတ်လထဲမှာ ဂျပန်နိုင်ငံက ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ ဧည့်သည်အရေအတွက်ဟာ အဲဒီလအတွက် စံချိန်တင်မြင့်မားခဲ့တယ်လို့ ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီက ပြောပါတယ်။ မတ်လမှာ တည်းခိုရေးနေရာတွေက ဧည့်သည်အရေအတွက်ဟာ ကနဦးကိန်းဂဏန်းတွေအရ ၅၆.၉၇ သန်းရှိပြီး နှစ်အလိုက်နှိုင်းယှဉ်ရာမှာ ၃.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံခြားဧည့်သည် စုစုပေါင်း ၁၅.၀၄ သန်းရှိပြီး ၁၅.၉ ရာခိုင်နှုန်း တိုးလာခဲ့ကာ ဂျပန်ဧည့်သည်ကတော့ ၄၁.၉၃ သန်းရှိပြီး ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ချယ်ရီပန်းတွေကို ကြည့်ရှုဖို့ မတ်လမှာ ဂျပန်ကို နိုင်ငံရပ်ခြားကလူတွေ ပိုပြီး လာကြတယ်ဆိုတဲ့အချက်က အခုလိုတိုးလာရတဲ့ အကြောင်းရင်းဖြစ်နိုင်တယ်လို့ အေဂျင်စီ တာဝန်ရှိသူတွေက ပြောပါသည်။



