back

ဂျပန်နိုင်ငံအလယ်ပိုင်းက ကမ်းခြေမှာ ကလေးများနေ့အတွက် ငါးကြင်းပုံ တံခွန်တွေ လွင့်ပျံနေ

May 03 • 2:43 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံအလယ်ပိုင်းက ကမ်းခြေမှာ ကလေးများနေ့အတွက် ငါးကြင်းပုံ တံခွန်တွေ လွင့်ပျံနေ

ဂျပန်အလယ်ပိုင်း မီအဲ ခရိုင်က ကမ်းခြေတစ်ခုမှာ မကြာခင်ကျရောက်မယ့် ကလေးများနေ့အတွက် ဂျပန်လို koinobori လို့ခေါ်တဲ့ ငါးကြင်းပုံ တံခွန် ၂၅၀ လောက် လေထဲမှာ လွင့်ပျံနေက...

ဂျပန်အလယ်ပိုင်း မီအဲ ခရိုင်က ကမ်းခြေတစ်ခုမှာ မကြာခင်ကျရောက်မယ့် ကလေးများနေ့အတွက် ဂျပန်လို koinobori လို့ခေါ်တဲ့ ငါးကြင်းပုံ တံခွန် ၂၅၀ လောက် လေထဲမှာ လွင့်ပျံနေကြပါတယ်။ ဂျပန်မှာ အဲဒီ တံခွန်တွေကို ရိုးရာ ယောက်ျားလေးပွဲတော် ဆုတောင်းမှုအနေနဲ့ အများပြည်သူအားလပ်ရက် မေလ ၅ ရက်နေ့ဝန်းကျင်မှာ လွှင့်ထူကြပါတယ်။ အဲဒီနေ့ကို အခုအခါမှာ ကလေးများနေ့လို့ သတ်မှတ်ထားပါသည်။



news-view-count-icon

19